Skip to content

what is digital marketing strategy

Facebook Page ထောင်လိုက်ပြီဆိုတာနဲ့ Engagement တွေ များများဖြစ်ဖို့ မျှော်လင့်မိကြတယ်ဟုတ် ...

ကဲ … ဒီလိုဖြစ်ဖို့ Page အတွက် လုပ်ဆောင်ရမယ့် 
အချက်လေး (၈) ချက်ကို ပြောပြပေးချင်ပါတယ်။

1. Post တွေကို စနစ်တကျတင်ပါ
အချိန်မှန်မှန်တင်ထားတဲ့ Post တွေဟာ Post Reach ကို များများရောက်စေသလို လူတွေကို အချိန်မှန်ပြသပေးခြင်းဟာလည်း Engagement တစ်ခုဖြစ်စေပါတယ်။

2. Knowledge Sharing Post တွေတင်ပါ
Customer တွေရဲ့ Trust ကိုတည်ဆောက်နိုင်ဖို့
အကြံပေးတဲ့ Knowledge Sharing Post တွေကလည်း အကောင်းဆုံးပါပဲ။ ဒါကြောင့် ကိုယ့် page ကို လူကြည့်များစေဖို့ Knowledge Sharing Content တွေ 
တင်သင့်ပါတယ်။

3. Memes တွေတင်ပါ
လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဟာသအတိုလေးတွေ၊ ကိုယ့်ရဲ့ Customer (သို့) Behaviour နဲ့ ပတ်သက်တဲ့ ဟာသအတိုလေးတွေဟာလည်း Engaged ဖြစ်စေတဲ့ အကြောင်းအရာတွေပါပဲ။

4. Campaign တွေ Create ပါ
Campaigns post တွေဟာ ကိုယ့်ရဲ့ Brand ကို လူပိုစိတ်ဝင်စားစေတဲ့အပြင် Campaign တွေမှာ ပါဝင်မှုများတာဟာ Engagement လည်းတက်စေလို့ အချိန်အခါနဲ့ ကိုက်ညီပြီး ပြုလုပ်သင့်ပါတယ်။

5. Testimonial Content ဖန်တီးပါ
Review ပေးတဲ့ Content တွေ၊ ကိုယ့် Product ကို လူအများကပြောပြတဲ့အကြာင်းအရာတွေကို Sharing လုပ်ပေးခြင်းဟာလည်း Customer ရဲ့ Trust ကို တိုးစေပါတယ်။

6. Influencer Campaign တွေလုပ်ပါ
အခုကာလမှာ အရေးပါလာတာကတော့ Influencer review တွေဖြစ်တာကြောင့် ကိုယ့်ရဲ့ Brand ကို အချိန်တိုတွင်း Impact ရချင်တယ်ဆိုရင် Influencer campaign တွေ ပြုလုပ်သင့်ပါတယ်။

7. Giveaways
Giveaways တွေဟာ လူတွေစီကို မြန်မြန့်ပျံ့နှံ့စေနိုင်တဲ့ Marketing method တစ်ခုဖြစ်တာကြောင့် ဒီနည်းလမ်းကလည်း အသုံးဝင်မယ့် နည်းတစ်ခုပါပဲ။

8. Boosting လုပ်ပါ
Boosting လုပ်တာဟာ sale တစ်ခုတည်းအတွက်မဟုတ်ဘဲ ကိုယ့်ရဲ့ Brand အသစ်ကို ကိုယ့်ရဲ့ target audience ဆီရောက်စေတဲ့နည်းလမ်းတစ်ခုဖြစ်တာကြောင့် ဒါကိုလည်းအသုံးပြုသင့်ပါတယ် .....

#InnovaCreative #facebookpost #engagement